ပါတီဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့် ကောလင်းမြို့နယ်နှင့် ဝန်းသိုမြို့နယ်ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

ကောလင်းမြို့တွင်ရောက်ရှိနေ သောပြည်ခိုင်ဖြိုးပါတီဗဟိုဦးဆောင် ကော်မတီဝင် သူရဦးအေးမြင့်သည် ယနေ့နံနက်၇နာရီတွင် စစ်ကိုင်း တိုင်းဒေသကြီး ကသာခရိုင် ကော လင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပသော ကောလင်းမြို့နယ်နှင့် ဝန်းသိုမြို့နယ်တို့မှ ပါတီကော်မတီ ဝင်များနှင့်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပါတီစည်းရုံး ရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးဆောင်ရွက်ပေး ခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ခိုင် ဖြိုးပါတီမှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာမြင့်သိန်း (တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ)၊ ဗဟို ကော်မတီဝင်များဖြစ်ကြသည့် ဦးမင်းမင်းဇေယျာမြင့်(ပါတီလုပ် ငန်းစိစစ်ရေး)၊ ဒေါ်သိင်္ဂီဝင်းရွှေ (တိုင်းဒေသကြီးပါတီစာရင်းစစ်)၊ တိုင်းဒေသကြီးပါတီအလုပ်အမှု ဆောင်ကော်မတီဝင်ဦးအောင်ကိုစံ၊ ကသာခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်း အောင်ဝင်းနှင့် ခရိုင်ပါတီကော် မတီဝင်များ၊ကောလင်းမြို့နယ်နှင့် ဝန်းသိုမြို့နယ်တို့မှ မြို့နယ်ပါတီ ကော်မတီဝင်များ၊ အရန်မြို့နယ် ပါတီကော်မတီဝင်များတက်ရောက် ကြသည်။

ပါတီဗဟို ဦးဆောင်ကော် မတီဝင်နှင့်အဖွဲ့သည် ကောလင်း မြို့နယ်နှင့် ဝန်းသိုမြို့နယ်တို့မှ မြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံပွဲကို ယနေ့ နံနက် ၉ နာရီတွင် ရုပ်သိမ်းခဲ့ပြီး ပင်လည် ဘူးမြို့သို့ ဆက်လက်ထွက်ခွာသွား ခဲ့ကြောင်း သိရသည်။

အေးဇေယျာ