ပါတီဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့် ကန့်ဘလူမြို့နယ်နှင့်ကျွန်းလှမြို့နယ်ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ခိုင်ဖြိုးပါတီဗဟိုဦးဆောင် ကော်မတီဝင် သူရဦးအေးမြင့် သည် ယနေ့နံနက် ၁၁ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူ ခရိုင် ကန့်ဘလူမြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံးတွင် ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်ပါတီကော်မတီဝင် များနှင့် တွေ့ဆုံခဲ့ပြီး ပါတီစည်းရုံး ရေးလုပ်ငန်းဆောင်ရွက်မှု အခြေ အနေ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများနှင့် ပတ်သက်၍ ပါတီကော်မတီအဖွဲ့ များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ပေး သည်။

အဆိုပါ တွေ့ဆုံပွဲအခမ်းအနား သို့ ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်ဒေါက်တာ မြင့်သိန်း(စစ်ကိုင်းတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ)၊ ဗဟိုကော်မတီဝင် များဖြစ်ကြသည့်ဦးမင်းမင်းဇေယျာ မြင့် (ပါတီလုပ်ငန်းစိစစ်ရေး)၊ ဒေါ်သိင်္ဂီဝင်းရွှေ(တိုင်းဒေသကြီး ပါတီစာရင်းစစ်)၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များဖြစ်ကြသည့် ဦးအောင်ကိုစံနှင့်ဦးမြင့်တင်၊ ရွှေဘို ခရိုင် ပါတီဥက္ကဋ္ဌ ဦးစိုးအေးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ကန့် ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့ မှ ပါတီကော်မတီဝင်များနှင့် အရန် ပါတီကော်မတီဝင်များတက်ရောက် ကြသည်။

ပါတီဗဟိုဦးဆောင်ကော်မတီ နှင့်အဖွဲ့သည် မြို့နယ်ပါတီကော် မတီဝင်များနှင့် တွေ့ဆုံပွဲကို မွန်းလွဲ ၁ နာရီတွင် ရုပ်သိမ်းခဲ့ပြီး ကသာ ခရိုင် ကောလင်းမြို့သို့ ဆက်လက် ထွက်ခွာသွားခဲ့ကြောင်းသိရသည်။

အေးဇေယျာ