ပါတီဗဟိုနာယက ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး ဟင်္သာတမြို့နယ်၊ ဘိုးဘွားရိပ်သာသို့အနွေးထည်၊ အသုံးအဆောင်များနှင့် ထောက်ပံ့ငွေများအား ပေးအပ်လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုနာယက ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့် ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်နာယက ဒေါ်နီနီဝင်း တို့သည် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ပါတီ ဥက္ကဋ္ဌ ဦးညွန့်လှိုင်နှင့် အလုပ်အမှုဆောင်များ၊ ဟင်္သာတမြို့နယ် ပါတီဥက္ကဋ္ဌ ဦးညွန့်ဦးနှင့် အလုပ်အမှုဆောင်များ၊ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ခလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့်အတူ ၂ဝ၁၆ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်နေ့ နေ့လည် (၁)နာရီအချိန်တွင် ဟင်္သာတမြို့ ဘိုးဘွားရိပ်သာသို့ရောက်ရှိရာ ရိပ်သာ ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမြင့်စိန်မှ ဘိုးဘွားရိပ်သာနှင့် ပါတ်သက်၍ ရှင်းလင်းဟြေကြားသည်။

2

ထို့နောက် ပါတီဗဟိုနာယက ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့် အဖွဲ့မှ ဘိုးဘွားများအား ကန်တော့ ကြပြီး ဘိုးဘွားများမှ အလှူရှင်များကို မေတ္တာပို့ဆုတောင်းကြသည်။

၎င်းနောက် ပါတီဗဟိုနာယက ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး၊ ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်နာယက ဒေါ်နီနီဝင်းနှင့် အဖွဲ့သည် ဘိုးဘွားများနှင့်ဝန်ထမ်းများအား အနွေးထည်၊ အသုံးအဆောင်များနှင့် ထောက်ပံ့ငွေများအား တစ်ဦးချင်း ပေးအပ်လှူဒါန်း၍ အဘိုးအဘွားများအား လိုက်လံကြည့်ရှု အားပေးသည်။

အဆိုပါ ဟင်္သာတဘိုးဘွားရိပ်သာ၌ အဘိုး(၁၇)ဦး၊ အဘွား(၂၄)ဦးနှင့် ဝန်ထမ်းကျား(၃)ဦး၊ မ(၂)ဦး စုစုပေါင်း (၄၆)ဦးရှိကြောင်း သိရှိရသည်။


Leave a Reply