ပန်းတောင်းမြို့နယ်ကော်မတီဝင်များနှင့် သံတွဲမြို့နယ်ကော်မတီဝင် များ တွေ့ဆုံဆွေးနွေး

 

ပဲခူးတိုင်းဒေသကြီး (အနောက်) ပန်းတောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အတွင်းရေးမှူး ဦးလှမင်း ဦးဆောင်သော ပါတီကော်မတီဝင်များ၊ ရပ်/ကျေး ခေါင်းဆောင်များ အင်အား (၂၇) ဦးသည် ဖေဖော်ဝါရီ (၂၂) ရက် နံနက် (၉) နာရီအချိန်က သံတွဲမြို့နယ်သို့ လေ့လာရေးခရီး ရောက်ရှိစဉ် သံတွဲ ပြည်ခိုင်ဖြိုးပါတီမှ ပြည်နယ်ကော်မတီဝင် ဦးတင်မောင်သန်း၊ ခရိုင် အတွင်းရေးမှူး ဒေါ်ဝင်းမင်းမာထွန်း မြို့နယ် ဥက္ဏဠ ဦးစန်းနိုင်၊ အတွင်းရေးမှူး ဦးကြည်ရွှေနှင့်ကော်မတီဝင်များ၊ ပါတီဝင်လူငယ်များက ကြိုဆိုပြီး တွေ့ဆုံပွဲ ပြုလုပ်ကာ မိမိတို့ဒေသအကြောင်း အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး သံတွဲပြည်ခိုင်ဖြိုးပါတီမှ နေ့လည်စာဖြင့် ဧည့်ခံခဲ့ကြောင်း သိရသည်။