ပင်လောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီသင်တန်းဆင်းပွဲကျင်းပ

 

ပင်လောင်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှဦးဆောင်ပြီး မြန်မာနိုင်ငံ ကြက်ခြေနီ(အသင်းခွဲ)၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ပင်လောင်းမြို့နယ်မီးသတ် ဦးစီးဌာနတို့နှင့်ပူးပေါင်းပြီး ဒီမို ကရေစီဖွံ့ဖြိုးတိုးတက်ရေး၊ ဖက် ဒရယ်ပြည်ထောင်စု၊ ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်း၊ ရှေးဦး သူနာပြုစုခြင်းနှင့် အကြိုအခြေခံ မီးသတ်သင်တန်းဆင်းပွဲကို ယမန် နေ့ မွန်းလွဲ ၂ နာရီက နောင်ပီ ကျေးရွာအုပ်စု နောင်ပီကျေးရွာ တွင်ကျင်းပသည်။
ရှေးဦးစွာ ရှမ်းပြည်နယ် ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးစိုင်းသန်းဝင်း က သင်တန်းဆင်းအမှာစကား ပြောကြားပြီး မြန်မာနိုင်ငံကြက် ခြေနီ(အသင်းခွဲ) ရှမ်းပြည်နယ် ကြက်ခြေနီတပ်ဖွဲ့ပထမတန်းဦးစီး မှူးဦးအေးချမ်း၊ပင်လောင်းမြို့နယ် ပါတီဥက္ကဋ္ဌဦးဝေလွင်တို့က အမှာ စကားပြောကြားကာ ရှမ်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုင်း သန်းဝင်းနှင့် ရှမ်းပြည်နယ် ကြက် ခြေနီတပ်ဖွဲ့ ပထမတန်းဦးစီးမှူး ဦးအေးချမ်းတို့က သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့သည်။

ထို့နောက် သင်တန်းတွင် ထူး ချွန်ဆုရရှိသည့် သင်တန်းသူ နန်း စိန်မြအား ပင်လောင်းမြို့နယ် မီး သတ်ဦးစီးဌာန ဒုဦးစီးမှူးဦးကျော် ကိုကိုသက်ကလည်းကောင်း၊ သင် တန်းသား သင်တန်းသူများအား ဆေးခါးပတ်ပေးအပ်ခြင်းကို ပြည် နယ်ပါတီကော်မတီဝင် ဦးစိန်လေး မောင်ကလည်းကောင်း၊ အရေး ပေါ်ကြက်ခြေနီဝတ်စုံကို ကြက်ခြေ နီတပ်ဖွဲ့မှ ဒုဦးစီးမှူး ဦးအောင် ကျော်မျိုးတို့က အသီးသီးပေးအပ် ကြပြီး သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြော ကြားပြီးနောက်အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြသည်။
အဆိုပါသင်တန်းဆင်းပွဲသို့ ရှမ်းပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်း သန်းဝင်းနှင့်အတူ ပြည်နယ်ပါတီ ကော်မတီဝင် ဦးစိန်လေးမောင်၊ ပင်လောင်းမြို့နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရှမ်းပြည်နယ် ကြက်ခြေနီနှင့်ပင် လောင်းမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် များ၊ ရပ်မိရပ်ဖများ၊ သင်တန်း သားသင်တန်းသူ ၇၄ ဦး အပါ အဝင် အင်အား ၁၂ဝ ခန့် တက် ရောက်ခဲ့ကြောင်း သိရသည်။

သန်းထူး(တောင်ကြီး)