ပင်လည်ဘူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီအမျိုးသမီးရေးရာမှ အိမ်တွင်းမှု (စက်ချုပ်) သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပင်လည်ဘူးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီး ရေးရာအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော အိမ်တွင်းမှု(စက်ချုပ်) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ (၅) ရက် နံနက် (၁၀) နာရီအချိန်က မြို့နယ်ပါတီရုံးတွင် ကျင်းပပြုလုပ်ရာ မြို့နယ်ပါတီနာယကဦးမျိုးမြင့်မှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပါတီဥက္ကဌဦးဝင်းသိန်းမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပါတီကော်မတီဝင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်အေးအေးဝင်းမှ အမျိုးသမီးကဏ္ဍအနေဖြင့် အမျိုးသမီးများ၏ဘဝ ဖွံ့ဖြိုးတိုးတက်စေရန် အသက်မွေးဝမ်းကြောင်းပညာတစ်ရပ်ဖြစ်သော ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် သွားလာနေထိုင်မှုဆိုင်ရာ စည်းကမ်းများကို အကျယ်တစ်ဝင့် ရှင်းလင်းပြောကြားပြီး သင်တန်းဆရာမ ဒေါ်ရွှေချမ်းမှ သင်တန်းခန်းမအတွင်း စည်းကမ်းများကို အသေးစိတ်ရှင်းပြပြီး ဖွင့်ပွဲအခမ်းအနားကို နေ့လည်(၁၂း၃၀)တွင် ရုပ်သိမ်းခဲ့သည်။

အဆိုပါသင်တန်းတွင် သင်တန်းသား(၃၀)ဦးတက်ရောက်လျက်ရှိကာ သင်တန်းကာလမှာ (၅-၁၂-၂၀၁၆) မှ (၅-၂-၂၀၁၇) အထိဖြစ်ပြီး တတ်မြောက်မှု (skill)ဖြစ်သည်အထိ စနစ်တကျ သင်ကြားပို့ချမည် ဖြစ်သည့်အတွက် လိုအပ်ပါက သင်တန်းကာလကိုထပ်မံ တိုးပြီး ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Ma Nyunt


Leave a Reply