ပခုက္ကူခရိုင်ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်ကြေး နှင့် ပါတီလစဉ်ကြေး ပေးအပ်ပွဲ

 

မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွင့်ဖြိုးရေး
ပါတီရုံးတွင် ပါတီဝင်ကြေးနှင်ပါတီ လစဉ်ကြေးပေးအပ်ပွဲကိုဇန်နဝါရီလ ၃၁ ရက် နံနက် ၉နာရီ မိနစ် ၃၀ တွင်ကျင်းပရာ ပခုက္ကူခရိုင်ပါတီဥက္ကဌ ဦးသိန်းထွန်း ၊အတွင်းရေးမှူး ဦးမြင့်နိုင်နှင်ခရိုင်ကော်မတီဝင်များ၊ပခုက္ကူ ၊ ဆိပ်ဖြူ ၊ ရေစကြို ၊မြိင်မြို့ နယ်များမှ ဥက္ကဋ္ဌ ၊အတွင်းရေးမှူးများ၊ ပခုက္ကူ မြို့ နယ်ပါတီကောမတီဝင်များ ၊အရံကော်မတီဝင်များတက်ရောက်ကြပါသည်။
အဆိုပါအခမ်းအနားတွင် ပခုက္ကူခရိုင် ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းမှ ပါတီ၏ ရှေ့ ဆောင်ရွက်မည့်လုပ်ငန်းများ၊ ပါတီဝင် ကြေးကောက်ခံရသည့်အကြောင်းကို ပြောကြားပြီး ပါတီဝင်ကြေးနှင့်ပါတီ လစဉ်ကြေးများ ပေးအပ်ရာ
ပခုက္ကူခရိုင်အတွက်ပါတီကော်မတီဝင် ဦးတင်မောင်ကျော်မှ ပါတီဝင်ကြေး နှင့်ပါတီလစဉ်ကြေး ၂၈၈၀၀ကျပ် ကိုခရိုင် အတွင်းရေမှူးဦးမြင့်နိုင်ထံသို့ လည်းကောင်း၊ ပခုက္ကူမြို့ နယ်အတွက် ပါတီ ဥက္ကဋ္ဌ ဦးသန်းအေးမှ ပါတီဝင်ကြေး နှင့်ပါတီလစဉ်ကြေး ၈၄၀၀၀ကျပ် ကိုခရိုင်ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းထံ သို့လည်းကောင်း၊ မြိုင်မြို့ နယ်အတွက် ပါတီ အတွင်းရေးမှူး ဦးထိန်လင်းမှ ပါတီဝင်ကြေး နှင့်ပါတီလစဉ်ကြေး ၈၁၆၀၀ ကျပ်ကိုခရိုင်ကော်မတီဝင် ဦးစောဝင်းထံသို့လည်းကောင်း၊ ဆိပ်ဖြူမြို့ နယ်အတွက် ပါတီ အတွင်းရေးမှူး ဦးလေးမောင် မှ ပါတီဝင်ကြေး နှင့်ပါတီလစဉ်ကြေး ၇၆၈၀၀ကျပ်ကို ခရိုင်ပါတီအရံကော်မတီဝင်၊ဆိပ်ဖြူမြို့ နယ်ပါတီဥက္ကဋ္ဌ ဦးလှဆောင်ထံ သို့လည်းကောင်း၊ ရေစကြိုမြို့ နယ်အတွက် ပါတီဥက္ကဋ္ဌ ဦးသိန်းလွင်မှ ပါတီဝင်ကြေး နှင့်ပါတီလစဉ်ကြေး ၈၄၀၀၀ကျပ် ကို ခရိုင်အတွင်းရေးမှူး ဦးမြင့်နိုင်ထံသို့လည်းကောင်းအသီးသီး ပေးအပ်ခဲ့ပြီး နံနက် ၁၁ နာရီ တွင်ရုပ်သိမ်းခဲ့ပါသည်။ပခုက္ကူခရိုင်ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ပါတီဝင်ကြေး နှင့်ပါတီလစဉ်ကြေး စုစုပေါင်း ၃၅၅၂၀၀ ကျပ် ကိုပခုက္ကူခရိုင်နှင့် ပခုက္ကူမြို့ နယ်၊ ဆိပ်ဖြူမြို့ နယ်၊မြိုင်မြို့ နယ်၊ ရေစကြို့ နယ်များမှ ကော်မတီဝင်များ၊အရံကော်မတီဝင်များ၊ရုံးအဖွဲ့ဝင်များမှပေးအပ်ခဲ့ပါသည်။