နည်းပြသစ် ရာထူး အဖြစ် ပေါလ်ကလီမန်ကို ဆွမ်ဆီး ခန့်အပ်

ဆွမ်ဆီးအသင်း နည်းပြသစ်အဖြစ် ဘိုင်ယန်မြူးနစ်နဲ့ ချဲလ်ဆီးလက်ထောက် နည်းပြဟောင်း ပေါလ်ကလီမန် ဖြစ်လာခဲ့ပါပြီ။ ဆွမ်ဆီး အသင်းဟာ သူ့ကို ၂ နှစ်ခွဲ စာချုပ်နဲ့ ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ ဆွမ်ဆီးအသင်း နည်းပြအဖြစ် သတင်းတွေ ထွက်ပေါ်နေခဲ့သူ ဖြစ်ပါတယ်။ နည်းပြသစ် ကလီမန်ဟာ ဆွမ်ဆီးအသင်းရဲ့ ယခုရာသီ တတိယမြောက် နည်းပြလည်း ဖြစ်လာခဲ့သလို ယခုတစ်ပတ် အင်္ဂါနေ့ ခရစ္စတယ် ပဲလေ့စ်အသင်းနှင့် အဝေးကွင်း ပွဲစဉ်မှာ အသင်းကို လာရောက် ကြည့်ရှုမှာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းနဲ့ ရီးရဲလ်မက်ဒရစ် လက်ထောက် နည်းပြဟောင်း ကလီမန်တီဟာ အင်္ဂလန်လိဒ်ချန်ပီယံရှစ် ကလပ် ဒါဘီကောင်တီ အသင်းကိုလည်း နည်းပြ အဖြစ် ကိုင်တွယ်ခဲ့သူ ဖြစ်ပါတယ်။

Ref; Sky Sports