ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ပြည်ခိုင်ဖြိုးပါတီရွေးကောက်ပွဲအောင်နိုင်ရေးစည်းရုံး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် မြို့နယ်ပါတီကော်မတီသည် ၂ဝ၁၇ ခုနှစ် ကြားဖြတ်အထွေထွေ ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် တစ်အိမ်တက် တစ်အိမ်ဆင်းကွင်းဆင်း စည်းရုံးဆောင်ရွက်ခြင်းအား ယခုလ ၁ ရက်မှ စတင်ဆောင်ရွက်လျက် ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် ယမန်နေ့ နံနက် ၈ နာရီမှစတင် ကာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးနေလင်းနှင့်မြို့နယ်ပါတီ ကော်မတီဥက္ကဋ္ဌ ဦးမြင့်ခိုင်ခေါင်းဆောင်သော ပါတီဝင်အင်အား ၆ဝဖြင့် အမှတ်(၅)ရပ်ကွက်နှင့် အမှတ်(၆) ရပ်ကွက်တို့ရှိ ဒေသခံမိဘပြည်သူများထံ အဖွဲ့များ ဖြန့်ခွဲ၍ ပါတီ၏ပြည်သူ့အတွက် ဆောင်ရွက်နေမှုများ၊ ပြည်ခိုင်ဖြိုး ပြည်သူ့ အစိုးရတာဝန်ယူချိန်နှင့် ယနေ့ကာလ အခြေအနေများ၊ ပြည်ခိုင်ဖြိုး ပါတီ၏ ပြည်သူအတွက် ရှေ့ဆက်သွားမည့်လုပ်ငန်းစဉ်များအား ရှင်းလင်း ခြင်းကို မွန်းလွဲ ၂ နာရီခွဲအထိ ရွေးကောက် ပွဲအောင်နိုင်ရေး အတွက် တစ်အိမ် တက်တစ်အိမ်ဆင်းကွင်းဆင်းစည်းရုံးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှမျိုး(ဒဂုံအရှေ့)