ထိုင်းအိုးပင်း ကရာတေးဒို ပြိုင်ပွဲတွင် မြန်မာ ရွှေတံဆိပ်သုံးခု အပါအ၀င် ဆုတံဆိပ် ၁၀ ခု ရရှိ

၂၀၁၇ ထိုင်းအိုးပင်း ကရာတေးဒို ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာကရာတေးဒိုအဖွဲ့က ရွှေတံဆိပ်သုံးခု အပါအ၀င် စုစုပေါင်း ဆုတံဆိပ် ၁၀ ခုရရှိခဲ့သည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဧပြီ ၂၀ ရက်မှ ၂၄ ရက်အထိ ကျင်းပခဲ့သည့် အဆိုပါပြိုင်ပွဲ၌ မြန်မာ ကရာတေးဒိုအဖွဲ့က ရွှေတံဆိပ် သုံးခု၊ ငွေတံဆိပ် တစ်ခုနှင့် ကြေးတံဆိပ်ခြောက်ခု ဆွတ်ခူးနိုင်ခဲ့သည်။

ရွှေတံဆိပ်ဆုများကို အမျိုးသားတစ်ဦးချင်း ခတပြိုင်ပွဲတွင် မင်းဟိန်းခန့်၊ အမျိုးသမီး တစ်ဦးချင်း ကုမိတဲ့ ၆၈ ကီလိုအထက် ပြိုင်ပွဲတွင် ၀င်းသူဇာမင်းနှင့် အသင်းလိုက် ခတပြိုင်ပွဲတွင် သဇင်အေး၊ ပိုးမြာနှင့် ဆွေဆွေအောင် တို့အတွဲက ရယူပေးခဲ့သည်။ ငွေတံဆိပ်ဆုကို အမျိုးသားတစ်ဦးချင်း ကုမိတဲ့ ၅၅ ကီလိုအောက် ပြိုင်ပွဲတွင် ၀င်းရန်ပိုင်က ရယူနိုင်သည်။

ကြေးတံဆိပ် ဆုများကို အမျိုးသားတစ်ဦးချင်း ခတပြိုင်ပွဲ တွင် ကျော်ဇင်ဖြိုး၊ အမျိုးသမီး တစ်ဦးချင်း ခတပြိုင်ပွဲတွင် ရည် နွယ်ထွန်း၊ အမျိုးသားတစ်ဦးချင်း ကုမိတဲ့ ၇၅ ကီလိုအောက်ပြိုင်ပွဲတွင် စိုင်းဉာဏ်လင်း၊ အမျိုးသား တစ်ဦးချင်း ကုမိတဲ့ ၈၄ ကီလို အောက်ပြိုင်ပွဲတွင် ခင်ညွန့်တို့က ရယူပေးခဲ့သည်။

ထို့အပြင် အသင်းလိုက် ကုမိတဲ့ ပွဲစဉ်များတွင် မြန်မာကရာတေးဒို အမျိုးသားအသင်းက အိန္ဒိယအသင်းကို အနိုင်ရရှိပြီး တတိယကြေးတံဆိပ်နှင့် မြန်မာကရာတေးဒို အမျိုးသမီးအသင်းက လာအိုအသင်းကို အနိုင် ရပြီး တတိယကြေးတံဆိပ်များရရှိခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကရာတေးဒိုအဖွဲ့ချုပ် အသိအမှတ်ပြု ကယားပြည်နယ် ကလပ်အသင်းမှ Cadet ပွဲစဉ် များတွင် အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တစ်ဦးချင်း ကုမိတဲ့ ပြိုင်ပွဲများတွင် ကြေးတံဆိပ် နှစ်ခု သီးခြား ဆွတ်ခူးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ကရာတေးဒိုအဖွဲ့ချုပ်မှ သတင်းရရှိသည်။

(7 Daydaily)