တရုတ်လုပ် ရေငုတ်သင်္ဘော သုံးစင်း ၀ယ်ယူဖို့ ထိုင်းအစိုးရခွင့်ပြု

ထိုင်းနိုင်ငံဟာ တရုတ်ပြည်ကနေ ရေငုတ်သင်္ဘော သုံးစင်းဝယ်ယူဖို့ စီစဉ်ထားရာမှာ ပထမဆုံး ရေငုတ် သင်္ဘောအတွက် အမေရိကန်ဒေါ်လာ ၃၉၃ သန်း ပေးချေဖို့ ထိုင်းအာဏာသိမ်း စစ်အစိုးရအဖွဲ့က မနေ့က အတည်ပြုလိုက်ပါတယ်။

ထိုင်းနိုင်ငံဟာ ၂၀၁၄ ခုနှစ်မေလ စစ်အာဏာသိမ်းပြီးကတည်းက အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေး အေးစက်လာခဲ့ပြိးဒေသတွင်း အင်အားကြီးနိုင်ငံဖြစ်လာနေတဲ့ တရုတ်ပြည်နဲ့ နီးစပ်လာခဲ့ ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လကထဲက အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော် ကုန်ကျမယ့် တရုတ်လုပ် ရေငုတ် သင်္ဘော သုံးစင်းဝယ်ယူဖို့ အစီအစဉ်ကို ထိုင်း စစ်အစိုးရက စတင်ရေးဆွဲခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီ တရုတ်ရေငုတ်သင်္ဘောတွေ ၀ယ်ယူမယ့်ကိစ္စဟာ အမျိုးသားလုံခြုံရေးဖြစ်တာကြောင့် သတင်း မီဒီယာ တွေကို သတင်းမထုတ်ပြန်ခဲ့ကြောင်း အစိုးရပြောခွင့်ရသူက ပြောပါတယ်။

ထိုင်းရေတပ် ပြောခွင့်ရသူကတော့ ထိုင်းရေတပ်မှာ နှစ်ပေါင်း ၆၀ သက်တမ်းကြာပြိဖြစ်တဲ့ ဂျပန်လုပ် ရေငုတ် သင်္ဘော လေးစင်းသာရှိလို့ ရေငုတ်သင်္ဘောအသစ်တွေ လိုအပ်နေကြောင်းပြောပါတယ်။

# RFA Burmese