တမူးပြည်ခိုင်ဖြိုး အမျိုးသမီးရေးရာတွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပသော အမျိုး သမီးရေးရာတွေ့ဆုံပွဲကို အောက်တိုဘာ (၂၄) ရက်က မြို့နယ်ပါတီရုံး ရွှေခြင်္သေ့ခန်းမ၌ ကျင်းပရာ မြို့ပေါ်(၄) ရပ်ကွက်မှ တက်ရောက်လာကြသော အမျိုးသမီးကိုယ်စားလှယ်များမှ အစုအဖွဲ့ (၉)ဖွဲ့ဖြင့် ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးရာတွင် အုပ်စု(၁)မှ ဒေါ်ဝေ၊ အုပ်စု (၂)မှ ဒေါ်ညွန့်ကြည်၊ အုပ်စု(၃)မှ ဒေါ်ဝေလွင်၊ အုပ်စု (၄)မှ မနှင်းနွယ်အေး၊ အုပ်စု(၅)မှ ဒေါ်နွယ်နွယ်အေး၊ အုပ်စု(၆)မှ ဒေါ်ရီရီခင်၊ အုပ်စု(၇)မှ မမြတ်သင်ဇာလှိုင်၊ အုပ်စု(၈)မှ မအေးမြင့်ခိုင်၊ အုပ်စု(၉)မှ မဖြိုးဖြိုးဝေတို့မှ ပါဝင်ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲအပြီးတွင် တက်ရောက်လာသူများအား ခရိုင်ပါတီဥက္ကဋ္ဌ ဦးခင်မောင်ရွှေမှ ကျေးဇူးတင်စကား ပြောကြား ခဲ့ကြောင်း သိရသည်။