တန့်ဆည်ပါတီမျက်နှာစုံညီအစည်းအဝေးသို့ ပါတီဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့်တက်ရောက်

ပြည်ခိုင်ဖြိုးပါတီ ဒုတိယ ဥက္ကဋ္ဌ (စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ)သူရဦးအေးမြင့်သည် ယခုလ ၂၂ ရက် နံနက် ၈ နာရီခွဲ တွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် တန့်ဆည်မြို့နယ်တွင် ကျင်းပသည့် တန့်ဆည်မြို့နယ် ပါတီမျက်နှာစုံညီ အစည်းအဝေး သို့တက်ရောက်၍ လမ်းညွှန်အမှာ စကားပြောကြားသည်။

92140959-25062016

ရှေးဦးစွာ တန့်ဆည်မြို့နယ် ပါတီမျက်နှာစုံညီ အကြိုညှိနှိုင်း အစည်းအဝေးတွင် စစ်ကိုင်းတိုင်း ဒေသကြီးပါတီ ပြန်လည်ရွေးချယ် ဖွဲ့စည်းရေးကော်မတီဝင် ဦးအောင် ကျော်ဦးက ရွေးချယ်မှုလုပ်ထုံးလုပ် နည်းများကို ရှင်းလင်းပြောကြား ပြီး တန့်ဆည်မြို့နယ်ပါတီအတွက် မြို့နယ်အလုပ်အမှုဆောင် ကော် မတီဝင်အသစ် ၁၅ ဦးစီနှင့် အရန် မြို့နယ်အလုပ်အမှုဆောင်ကော်မတီ ဝင်အသစ် ၁၅ ဦးစီ စုစုပေါင်း ကော်မတီဝင် ၃ဝ တို့ကို စိစစ်ရွေး ချယ်ခြင်းလုပ်ငန်းစဉ်အဆင့်ဆင့် ဖြင့် စိစစ် ရွေးချယ် ကြသည်။

ယင်းနောက် တန့်ဆည်မြို့နယ် ပါတီ မျက်နှာစုံညီအစည်းအဝေး ကို ဆက်လက်ကျင်းပပြီး မြို့နယ် ပါတီအလုပ်အမှုဆောင်ကော်မတီ ဝင်အသစ် ၁၅ ဦးတို့အား အမည် စာရင်းကြေညာခြင်း၊ ကတိသစ္စာ ပြုခြင်း၊ ပါတီတာဝန်များပေးအပ် ခြင်းတို့ကိုဆောင်ရွက်ပြီး ပါတီ ဒုတိယဥက္ကဋ္ဌက သြဝါဒလမ်းညွှန် စကားများပြောကြားသည်။
ဆက်လက်၍ ပါတီဒုတိယ ဥက္ကဋ္ဌ သူရဦးအေးမြင့်နှင့် အဖွဲ့ သည် ရွေးချယ်ပြီးသော တန့်ဆည် မြို့နယ် ပါတီအလုပ်အမှုဆောင် ကော်မတီဝင် ၁၅ ဦးနှင့် အရန် မြို့နယ်ပါတီ အလုပ်အမှုဆောင် ကော်မတီဝင် ၁၅ ဦးတို့နှင့် မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူး ကြသည်။

ထို့နောက် ပြည်ခိုင်ဖြိုးပါတီ၏ ဦးတည်ချက်၊ ရည်မှန်းချက်၊ ရှေ့ လုပ်ငန်းစဉ်များ ဆွေးနွေးချက်စာ တမ်းငါးစောင်ကို မြို့နယ်အလုပ် အမှုဆောင်ကော်မတီဝင်အသစ် များက ဖတ်ကြားတင်သွင်းကြ၍ အခမ်းအနားကို မွန်းလွဲ ၂ နာရီတွင် ‘ပြည်ခိုင်ဖြိုးပါတီအောင်ရမည်’ ဟူသော ကြွေးကြော်သံဖြင့် ကြွေး ကြော်ကာ ရုပ်သိမ်းခဲ့သည်။

Union daily


Leave a Reply