တနင်္သာရီတိုင်းဒေသကြီးပါတီဥက္ကဌ ဦးချစ်သန်း မြိတ်ခရိုင်/မြို့နယ်ကော်မတီဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်၊ တနင်္သာရီတိုင်းဒေသကြီး ပါတီဥက္ကဌ ဦးချစ်သန်းသည် နိုဝင်​ဘာလ (၁၀) ရက် နံနက်ပိုင်းတွင် မြိတ်ခရိုင် ပြည်ခိုင်ဖြိုးရုံး၌ မြိတ်ခရိုင်/မြို့နယ်ပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

 

 

myeik

ထိုသို့တွေ့ဆုံစဉ် မြိတ်ခရိုင်၊ မြိတ်မြို့ရှိ တိုင်း/ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ၊ မြိတ်၊ တနင်္သာရီ၊ ကျွန်းစု မြို့နယ်ပါတီဥက္ကဌများနှင့် ကော်မတီဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးပါတီဥက္က ဦးချစ်သန်းမှ ပါတီ လုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ဆောင်ရွက်ရမည့် ပါတီရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Kyaw Linn


Leave a Reply