ဆီးးချိုဆေးသောက်စရာမလိုဘဲ သက်သာပျောက်ကင်းစေနိုင်မယ့် သံပုရာသီးနဲ့ တရုတ်နံနံ ဆေးနည်း

ဆီးချိုသမားများအတွက် ရောဂါသက်သာပြီး ငွေကုန်ကြေးကျနည်းစေမယ့် နည်းလမ်းကောင်းပါပဲ ။ ပါဝင် ပစ္စည်းတွေကလည်း လွယ်လွယ်ကူကူရရှိနိုင်တဲ့ ပစ္စည်းတွေပါပဲ ။

သံပုရာသီး – ၆လုံး

တရုတ်နံနံ – ၃၀၀ ဂရမ်

ပြုလုပ်ပုံအဆင့်ဆင့်

–     ပထမဦးစွာ တရုတ်နံနံပင်များကို ရေဖြင့် သေချာဆေးကြောပြီး အိုးထဲထည့်ပါ။

–     သံပုရာသီး ၆လုံးကို အရည်ညှစ်ပြီး အိုးထဲထည့်လိုက်ပါ။

–     ထို့နောက် အိုးကို အဖုံးဖုံးပြီး အခြားပိုကြီးသောအိုးထဲသို့ ထည့်ပါ ။ ပြီးလျှင် ရေဖြည့်ပြီး မီးဖိုပေါ်တင်ပါ။

–     ပထမဦးဆုံး ရေစဆူလာတာနဲ့ မီးကို အလယ်အလတ်ခန့် လျှော့ချပြီး အပူချိန်နည်းနည်းဖြင့် ၂နာရီ ခန့်ကြာအောင် ဆက်တည်ထားပါ။

–     ထို့နောက် အိုးကို မီးဖိုပေါ်မှ ဖယ်လိုက်ပါ ။ အထဲမှ အိုးအသေးကို ရေထည့်ထားသော အိုးထဲမှ အပြင်ထုတ်လိုက်ပါ ။ သတိပြုရန်မှာ လုံးဝမအေးမချင်း သံပုရာနှင့်တရုတ်နံနံ ရောထည့်ထားသော အိုးကို မဖွင့်လိုက်ပါနှင့် ။

–     အေးသွားပြီဆိုလျှင် ဖန်ဘူး (သို့) ဖန်ပုလင်းထဲထည့်ကာ သေချာပိတ်ထားပါ ။ ရေခဲသေတ္တာထဲ သိမ်းနိုင်လျှင် ပိုကောင်းပါတယ် ။ ထိုဆေးကို လက်ဖက်ရည်ဇွန်း ၁ဇွန်းခန့် နေ့စဉ် မနက်စာမစားခင် နာရီဝက်အလိုမှာ စားသုံးပေးပါ ။ ယခုပြုလုပ်ထားသော ဆေးမှာ ၂လခန့် သုံးဆောင်ဖို့ လုံလောက် ပါတယ် ။

Credit: ( ရွှေအင်းလေး)