“စဉ်ဆက်မပြတ် ဦးဆောင်မှုပေးနိုင်ရန်အတွက် ဗဟိုအလုပ်အမှုဆောင် အဖွဲ့နှင့် အမှုဆောင်အဖွဲ့ အဆင့်ဆင့်တို့ကို မျိုးဆက်သစ်အဖြစ်တာဝန်များ လက်ဆင့်ကမ်းလိုက် သော်လည်း ယခင်ဦးဆောင်ခဲ့ကြသည့် လူကြီးများက အသက်အရွယ်၊ ကျန်းမာရေးနှင့် အကြောင်းအမျိုးမျိုးကြောင့် ရှေ့တန်းက တာဝန်မထမ်းဆောင်နိုင်သော်လည်း ပါတီဗဟိုဦးဆောင်ပုဂ္ဂိုလ်ကြီးများ၊ နာယကကြီးများ၊ အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးများအဖြစ် ပါတီကို ရင်အုပ်မကွာ စောင့်ရှောက်ပေးကြမှာဖြစ်သည့်အတွက် အားတက်ရသလို၊ စိတ်ဓာတ်ရေးရာ လုံခြုံမှုလည်းဖြစ်ပါတယ်။ ပါတီရှင်သန် ခိုင်မာရေးအတွက် ပေးလာမယ့် လမ်းညွှန်မှုနဲ့ အကြံဥာဏ်များကိုလည်း လေးစားစွာခံယူလိုပါတယ်။” သြဂုတ် (၂၄) ရက် နံနက် ၈ နာရီခွဲက နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပါတီ ဌာနချုပ် ညီလာခံခန်းမ၌ ကျင်းပခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ပါတီညီလာခံ(၂ဝ၁၆) တတိယနေ့ အခမ်းအနားတွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးပြောကြားသော မိန့်ခွန်းကောက်နှုတ်ချက်


Leave a Reply