စမ်းချောင်းမြို့နယ်/ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ ပုံမှန်စည်းဝေးပြုလုပ်

 

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် စမ်းချောင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်/ ရပ်ကွက်ပါတီကော်မတီဝင်များ ပုံမှန်အစည်းအဝေးကို သြဂုတ်လ (၂၅) ရက်နေ့ မွန်းတည့် (၁၂) နာရီ အချိန်တွင် ကျင်းပပြုလုပ်ရာ မြို့နယ်ပါတီပါတီအတွင်းရေးမှူး ဦးစိုးမြင့်မှ ပါတီဗဟိုမှ ချမှတ်ထားသောဦးတည်ချက်များနှင့် ပါတီ၏ ရှေ့လုပ်ငန်းစဉ် များကို ရှင်းလင်းဆွေးနွေး ပြောကြားပြီး မိုးတွင်းကာလ သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ်ရေးအတွက် ခြင်ဆေးဖြန်းခြင်း လုပ်ငန်းများ ဆောင်ရွက် ရန်နှင့် အမျိုးဘာသာသာသနာ လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပါတီကော်မတီဝင် ဒေါ်နီနီမာနှင့် ဒေါ်အေးအေးမြင့်တို့မှ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသော ရပ်ကွက်ပါတီခေါင်းဆောင်များမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ကြရာ မြို့နယ်ပါတီအတွင်းရေးမှူးမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

#တိုးတက်ထွန်း


Leave a Reply