စမတ်ဖုန်းနဲ့ ထိန်းချုပ်ပျံသန်းနိုင်မယ့် ဒေါ်လာ(၅၀)တန် စက္ကူလေယာဉ်ပျံ

ကျွန်တော်တို့ အားလုံး ကလေးဘဝတုန်းက စက္ကူလေယာဉ်ပျံ ခေါက်ကာ ပစ်လွှတ်ဆော့ကစားခဲ့ဖူး ကြပါ တယ်။ နည်းပညာ သိပ်မထွန်းကားသေးတဲ့ ခေတ်ဖြစ်တဲ့အတွက် နည်းပညာမပါတဲ့ လက်လုပ်ကစား စရာလေးတွေနဲ့ အဆင်ပြေသလို ဆော့ကစားခဲ့ကြရပေမယ့် အခုခေတ်ကလေးတွေကတော့ နည်း ပညာ တိုးတက်ထွန်းကားတဲ့ ခေတ်မှာ လူဖြစ်လာကြတဲ့အတွက် အဆင့်မြင့်တဲ့ နည်းပညာကစားစရာ တွေကို ဆော့ကစားလို့နေကြပါပြီ။

 

ကျွန်တော်တို့ ငယ်ငယ်က ပစ်လွှတ်ဆော့ကစားခဲ့ဖူးတဲ့ စက္ကူလေယာဉ်ပျံကိုတောင် အခုခေတ်မှာ စမတ်ဖုန်းနဲ့ထိန်းချုပ် ပျံသန်းလို့ ရနိုင်နေပြီ ဖြစ်ပါတယ်။ ယနေ့ခေတ်ရဲ့ နည်းပညာ တိုးတက်မှုအရ ဆိုရင် ဒါဟာ ထူးဆန်းတဲ့ဖန်တီးမှု တစ်ခုမဟုတ်ပေမယ့် ကလေးတွေကိုရော၊ လူကြီးတွေကိုပါ စွဲဆောင် နိုင်စေမယ့် တီထွင်ဆန်းသစ်မှု idea တစ်ခုလို့ ပြောရမှာဖြစ်ပါတယ်။

ဒီလေယာဉ်ပျံကို PowerUp 30 Smartphone Controlled Paper Airplane လို့နာမည်ပေးထားပြီး Amazon.com မှာ ဒေါ်လာ (၅၀) နဲ့ရောင်းချနေတာဖြစ်ပါတယ်။

ဒါဟာ ကမ္ဘာ့မထမဦးဆုံး အဝေးထိန်း စက္ကူလေယာဉ်ပျံဖြစ်ပြီး (၅၅) မီတာ (ပေ ၁၈၀) အကွာအဝေး အထိ ပျံသန်းနိုင်မှာပါ။ လေဒဏ်ကိုခံနိုင်အောင်၊ စုတ်ပြဲမှုကို ခံနိုင်ပြီး အကြမ်းခံအောင်လည်း ဒီဇိုင်း ဆင်ထားပါတယ်။

စမတ်ဖုန်းတွေ၊ တက်ဘလက် တွေကနေ Bluetooth Smart Technology နဲ့ ထိန်းချုပ်နိုင်မှာဖြစ်ပြီး ထိန်းချုပ်မယ့် App က iOS အတွက်ရော Android အတွက်ပါ ပြုလုပ်ပေးထားပါတယ်။

စမတ်ဖုန်း နဲ့ ထိန်းချုပ်ပျံသန်းနေတဲ့အခါ battery level , အကွာအဝေး နဲ့ လေတိုက်နှုန်း တို့ကိုလည်း ဖုန်း မျက်နှာပြင်မှာ ကြည့်ရှုနိုင်မှာဖြစ်တဲ့အတွက် ချင့်ချိန်ပြီး ပျံသန်း ဆော့ကစားနိုင်စေမှာဖြစ်ပါတယ်။

Micro USB cable နဲ့ အားသွင်းနိုင်ပြီး ပန်ကာ နဲ့ အခြား spare parts အစိတ်အပိုင်း နှစ်စုံကို (၁၀) ဒေါ်လာနဲ့ ထပ်မံဝယ်ယူနိုင်ပါတယ်။

ဒီလေယာဉ်ပျံလေးဟာ ကလေးတွေစိတ်ဝင်စားမယ့်ကစားစရာတစ်ခုဖြစ်သလို လူကြီးတွေကလည်းသဘော ကျလို့ မိမိတို့ရဲ့ကလေးတွေအတွက် ဝယ်ပေးချင်စိတ်ရှိမယ့် ပစ္စည်းတစ်ခုဖြစ်လာနိုင်ပါတယ်။ ဒေါ်လာ (၅၀) ဆိုတဲ့ ဈေးနှုန်းကလည်း ပြန်ရရှိမယ့် ပျော်ရွှင်မှုနဲ့ ထိုက်တန်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။  Ref: BGR