စပါးခြွေလှေ့ရာ၌ ပြည်ခိုင်ဖြိုးပါဝင်နွှဲ

 

မိုးညှင်းခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တောင်သူလယ်သမားရေးရာကော် မတီကဦးစီးပြီးအင်ကြင်းကုန်းကျေး ရွာနှင့် မရင်းကုန်းကျေးရွာရှိ ပါတီ ဝင်တောင်သူဦးကျော်စိန်၊ဦးကျော်ယု နှင့် ဦးကြည်မောင်တို့၏လယ် မြေများတွင် စပါးရိတ်သိမ်းခြွေ လှေ့ခြင်းလုပ်ငန်းများကို ပါတီဝင် များကယခုလ ၆ရက်နှင့် ၇ရက်တို့ တွင် သွားရောက်လုပ်အားပေး ကူညီခဲ့သည်။

အဆိုပါစပါးရိတ်သိမ်ြးေ>ွခလှေ့ ခြင်းလုပ်ငန်းသို့ မိုးညှင်းခရိုင်ပါတီ ဥက္ကဋ္ဌဦးစိန်ဝင်းထွန်း၊ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးကြည်စိုး၊ ခရိုင်လယ် သမားရေးရာတာဝန်ခံ ဦးဖိုးထောင်၊ မြို့နယ်လယ်သမားရေးရာတာဝန်ခံ ဦးမြင့်သန်းနှင့် ခရိုင်မြို့နယ်ပါတီ ကော်မတီဝင်များ တက်ရောက် အားပေးချီးမြှင့်ခဲ့ကြသည်။

လင်းလက်


Leave a Reply