စစ်ဘေးရှောင်ပြည်သူများသို့ ပြည်ခိုင်ဖြိုးပါတီမှ လှူဒါန်း

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒေသရှိ စစ်ဘေးရှောင် ဒုက္ခသည် ပြည်သူ လေးထောင်ကျော်တို့အား စက်တင်ဘာ ၁၄ ရက် နံနက် ၁ဝ နာရီခွဲတွင် ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးစန်းကို ဦးဆောင်သော ပါတီဝင် (၇၅) ဦးတို့သည် ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်မှ ပေးပို့လှူဒါန်းသော တန်ဖိုးငွေကျပ် ၇၅သိန်း တန်ဖိုးရှိ ဆန်အိတ် ၃ဝဝ၊ တန်ဖိုးငွေကျပ် ခုနစ်သိန်းတန်ဖိုးရှိ အသားတု၊ အာလူး၊ ပဲဝါခြမ်း စုစုပေါင်းတန်ဖိုးငွေကျပ် ၈၂သိန်း သွားရောက် လှူဒါန်း ခဲ့ကြကြောင်း သိရသည်။

သီဟ


Leave a Reply