ငှက်ပျောပင်ကို သားတက်ခွဲခြင်း

အမြစ်စုံပြန်ပျိုးခြင်းနည်းများဖြင့် ပုံမှန်အားဖြင့် မျိုးယူစိုက်ပျိုးပါတယ်။ ယနေ့မှာတော့ နိုင်ငံတော်တော် များများမှာ တစ်ရှူးနည်းပညာဖြင့် မျိုးယူသကဲ့သို့ ‎အမြစ်ဆုံကို ပိုင်းဖြတ်ပြီးတော့လည်း မျိုးယူလျှက် ရှိနေပါတယ်။

Banana2

တစ်ရှူးနည်းပညာက မြန်မာနိုင်ငံအနေဖြင့် အလှမ်းဝေးလှသေးသော်လည်း လွယ်ကူတဲ့မြစ်ဆုံ ပိုင်းဖြတ်နည်းကိုတော့ ငှက်ပျောစိုက်တောင်သူတိုင်း သိထားစေ ချင်ပါတယ်။

‪‎ပျိုးထောင်ပုံ
အသီးခူးပြီးဖြစ်တဲ့ အပင်ရဲ့ အမြစ်ဆုံ ပိုင်းကိုအသုံးပြုပါမယ်။ ပထမဦးစွာ အမြစ်ဆုံပိုင်းမှ အမြစ်မွှေး များနှင့် ပင်စည်အကျန်များကို ဓားသန့်သန့်ထက်ထက်ဖြင့် ရှင်းလင်းသန့်စင်ပေးရပါမယ် ထို့နောက် အဆုံတုံးကို  အလည်ခေါင်တည့်တည့်မှ ကိတ်မုန့်အဝိုင်းပိုင်းသလို ပိုင်းပေးရမယ် အရွယ်က ၂လက်မ လောက်ထိ အဆင့်ဆင့် ပိုင်းပေးနိုင်ပါတယ်။ အဆုံတုံးတစ်ခုမှာ အပိုင်းလေးခုမှ ၁၂ ခုထိရနိုင်ပါတယ်။ ပိုင်းပြီးသား ဆုံပိုင်းစလေးတွေကိုတော့ မှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် ၅ မိနစ်လောက်စိမ်ပြီး ပြန်ဆယ် ထားပါ။

Banana3

၎x၈ ပျိုးအိတ် အနက်ကလေးများကို ရေဆင်းပေါက်ဖေါတ်ထားပြီး ဖွဲပြာစိုကို ၃ပုံတစ်ပုံလောက် ဖြည့်ထားပါ။ ပြီးရင်တော့ ဆုံတုံးဖြတ်စလေးများကို ပျိုးအိတ်များထဲ ထည့်ပြီး ဖွဲပြာစိုလေးကို ပျိုးအိတ် လက်တစ်လုံးအလိုထိဖြည့်ပေးပါ။

ပျိုးအိတ်ကလေးများကို နေတိုက်ရိုက်မထိနိုင်တဲ့နေရာမှာထားပြီး  မနက်တိုင်း ပန်းခရားပုံလေးဖြင့် ရေဖြန်းပေးပါ။ ၄၅ ရက်မှ ရက်ပေါင်း ၆၀ အတွင်း မြေချစိုက် နိုင်သော ပျိုးပင်ငယ်များ ရပါမယ်။

မြေခံကို ဖွဲပြာသုံးခြင်းမှာ မှိုနှင့် မြေးတွင်းပိုးများကို ကာကွယ်ရန်ဖြစ်ပါတယ်။ မှိုသတ်ဆေးကို နှစ်သက်ရာ မှတ်ပုံတင်ဆေးဝါးများကို သုံးနိုင်ပါတယ်။

ကျန်းမာသန်စွမ်းတဲ့ ငှက်ပျောမျိုးများရနိုင်ပါစေ။

creditto ‪#‎ThantThant
လွတ်လပ်စွာဖြန့်ဝေနိုင်ပါသည်။ ပုံများသည် မူရင်း ထိုင်းဘာသာဆိုဒ်မှ ရယူထားပါသည်။

စိုက်ပျိုးရေး နှင့် အထွေထွေဗဟုသု Page မှ ကူးယူဖော်ပြပါသည်။


Leave a Reply