ဂွမြို့နယ်ပါတီ ရှေ့လုပ်ငန်းစဉ်များ တွေ့ဆုံဆွေးနွေး

 

ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ မြို့နယ်ပါတီ၏
လပတ်ပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က ပြုလုပ်ကျင်းပခဲ့သည်။
အစည်းအဝေးသို့ ပြည်နယ်ကော်မတီဝင် ဒေါ်ခိုင်ဇင်ဦး၊ ခရိုင်နှင့် မြို့နယ်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် မြို့နယ်ကော်မတီဝင်များ၊ အရံကော်မတီဝင်များ၊ ရပ်ကျေးခေါင်းဆောင်များ တက်ရောက်ခဲ့ ကြသည်။

အခမ်းအနားတွင် ဒေါ်ခိုင်ဇင်ဦး (ပြည်နယ်အမျိုးသမီးရေးရာတာဝန်ခံ) မှ ဗဟိုပါတီနှင့် ပြည်နယ်ပါတီ၏ လမ်းညွှန် ချက်များ၊ မြို့နယ်ပါတီအနေဖြင့် ရှေ့ဆက်သွားရမည့် ပါတီလုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပြီး မြို့နယ် ပါတီဥက္ကဋ္ဌမှ မြို့နယ်ပါတီ၏ လုပ်ဆောက်ချက်များအား အကျယ်တဝင့် ရှင်းလင်းတင်ပြကာ တက်ရောက်လာ ကြသော မြို့နယ်ကော်မတီဝင်များ၏ တင်ပြလာမှုအပေါ် ဒေါ်ခိုင်ဇင်ဦးနှင့် ဦးမြင့်အောင်တို့မှ ပြန်လည်ရှင်းလင်း ခဲ့ကြကြောင်း သိရသည်။

#ခိုင်မောင်ဌေး