ဂရင်းစလင်းချန်ပီယံဆုတွေကို ဖက်ဒဲရား ရနိုင်သေး

ဆွစ်ဝါရင့်တင်းနစ်သမား ရော်ဂျာဖက်ဒဲရားဟာ အသက်(၃၅)နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့် အနာဂတ်ဂရင်းစလင်း ပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်နိုင်သေးတယ်လို့ သူ့နည်းပြဟောင်း အန်းနက်ကွန်းက သုံးသပ်သွားပါတယ်။

 

ကစားသမားဘ၀တလျှောက် ဂရင်းစလင်းချန်ပီယံဆု (၁၇) ကြိမ်ရခဲ့ပေမယ့် ၂၀၁၂ခုနှစ်နောက်ပိုင်း အဓိက ပြိုင်ပွဲကြီးတွေမှာ ဖက်ဒဲရား ဗိုလ်မစွဲခဲ့ပါဘူး။ ဒါပေမယ့် အန်နက်ကွန်းက ”အဆင့်မြင့်ဆုံးလက်စွမ်းကို သူ တစ်ကျော့ပြန် မရနိုင်စရာအကြောင်းမရှိပါဘူး။ ပြီးခဲ့တဲ့နှစ်ကဆိုရင် သူ့အတွက် အရမ်းခက်ခဲတဲ့ နှစ်တစ်နှစ်ပါ။ ဒါတောင် ၀င်ဘယ်ဒန်အိုးပင်းမှာ အကြိုဗိုလ်လုပွဲအဆင့်ကိုရောက်ခဲ့ပါသေးတယ်”လို့ ချီးကျူးသွားပါတယ်။

အန်နက်ကွန်းဟာ ၂၀၁၀ကနေ ၂၀၁၃ခုနှစ်အထိ ဖက်ဒဲရားကို နည်းပြခဲ့ပါတယ်။ ဖက်ဒဲရားဟာ ဇူလိုင်လက ၀င်ဘယ်ဒန်အိုးပင်းပြိုင်ပွဲနောက်ပိုင်း ဒူးဒဏ်ရာကြောင့် အနားယူခဲ့ရရာမှ အခုအခါ သြစတြေးလျအိုးပင်းအကြို ပြိုင်ပွဲတွေကို ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။

 

Ref; Sky Sports