ချင်းပြည်နယ် မျက်နှာစုံညီအစည်းအဝေးသို့ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့်တက်ရောက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ (အထက်မြန်မာပြည် ပြန်လည်ရွေး ချယ်ဖွဲ့စည်းရေးတာဝန်ခံ) သူရ ဦးအေးမြင့်သည် ယမန်နေ့နံနက် ၈ နာရီက ချင်းပြည်နယ်မြို့တော် ဟားခါးပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမကြီး၌ကျင်းပသည့် ချင်းပြည် နယ် မျက်နှာစုံညီအစည်းအဝေး သို့တက်ရောက်ကာ အဖွင့်အမှာ စကားပြောကြားပြီး ပြည်နယ်ပါတီ ၏ ပြန်လည်ဖွဲ့စည်းရေးလုပ်ငန်း များကိုကြီးကြပ်ဆောင်ရွက်သည်။
အထက်ပါ ချင်းပြည်နယ် မျက်နှာစုံညီအစည်းအဝေးသို့ ပြည် နယ်ပါတီဥက္ကဋ္ဌ ဦးဟုန်းငိုင်းနှင့် ပြည်နယ်ပါတီကော်မတီဝင်များ၊ ပါတီနာယကအဖွဲ့ဝင်များ၊ပါတီရွေး ချယ်တင်မြှောက်ရေးကော်မရှင် အဖွဲ့ဝင်များ၊ ဟားခါးခရိုင်၊ ဖလမ်း ခရိုင်နှင့် မင်းတပ်ခရိုင်တို့မှ ပါတီ ဥက္ကဋ္ဌများနှင့်ဖိတ်ကြားထားသူများ၊ ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ပေါင်း ကိုးမြို့နယ်တို့မှ ပါတီဥက္ကဋ္ဌ များနှင့် ဖိတ်ကြားထားသူများ စုစု ပေါင်းအင်အား ၅ဝ ကျော် တက် ရောက်ကြသည်။

ရှေးဦးစွာ ပါတီဒုတိယဥက္ကဋ္ဌ က အကြိုညှိနှိုင်းအစည်းအဝေး ကိုကျင်းပ၍ ပြည်နယ်ပါတီကော် မတီဝင်များကိုရွေးချယ်ခြင်း၊ အစု အဖွဲ့ သုံးခုဖွဲ့၍ ပါတီဥက္ကဋ္ဌ သုံးဦး စီနှင့် ပါတီအတွင်းရေးမှူးသုံးဦး စီရွေးချယ်ခြင်း၊ ဗဟိုပါတီညီလာခံ သို့ တက်ရောက်မည့်အမည်စာရင်း ပြုစုခြင်း၊ ဗဟိုကော်မတီဝင်များ၊ အရန်ဗဟိုကော်မတီဝင်များ လျာ ထားစာရင်းကို ပြုစုခြင်းတို့ကို ဆောင်ရွက်သည်။ ထို့နောက် သဘာပတိဦးနိမ်ခမ်းပေါင်ကြီးမှူး သည့် ဒုတိယပိုင်း အခမ်းအနား တွင် ရွေးချယ်ပြီးစီးသည့် အမည် စာရင်းများကို အတည်ပြုခြင်းနှင့် ကြေညာခြင်းတို့ကိုဆောင်ရွက်ကာ ချင်းပြည်နယ် မျက်နှာစုံညီအစည်း အဝေးကို နံနက် ၁၁ နာရီတွင် ကြွေးကြော်သံများဖြင့် ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။

အေးဇေယျာ


Leave a Reply